ကျောက်ဖြူခရိုင်မှ ပြည်နယ်အဆင့်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြသူများကို သောင်းသောင်းဖျဖျဂုဏ်ပြုကြိုဆို
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်မှ ပြည်နယ်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ခရိုင်ကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ကြသူများမှာ ယနေ့ညနေပိုင်းက စစ်တွေမြို့မှ ကျောက်ဖြူမြို့သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာများက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခြံဝန်းတွင် အိုးစည်၊ ဒိုးပတ်များဖြင့် သောင်းသောင်းဖျဖျဂုဏ်ပြုကြိုဆိုသည်။