ကွမ်းခြံကုန်း ဇွန် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့၏ ဦးဆောင်မှု၊ မြို့နယ်သစ်တောဦးစီးဌာန၏ စီစဥ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်ကျင်းစိမ်းလန်းစိုပြေရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့် အပူချိန်လျှော့ချစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့က တောကျောင်းကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကွမ်းခြံကုန်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မိခင်နှင့်ခလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
ထို့နောက် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပျိုးပင်များ အသီးသီးပေးအပ်ပြီး တက်ရောက်လာသူများက မန်းဂျန်ရှား(၁၀၀၀)ပင်နှင့် ပျဥ်းမ(၂၀၀) စုစုပေါင်း (၁၂၀၀)ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)