ကွန်ဟိန်း ဇွန် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အခြေခံပညာကျောင်းများ၌ ဆုံဆို့-မေးခိုင် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇွန်လ(၁၃)ရက် နေ့မှစ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကွန်ဟိန်းမြို့မိခင်နှင့်ကလေးကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်မာအေးနှင့်ဝန်ထမ်းများက ဆောင်ရွက်ပေး၍ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ(၇)နှစ်ကြား ကျောင်းသား၊ကျောင်းသူများအားထိုးနှံပေးပြီး၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)