မိုင်းတုံ ဇွန် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိဈေးဆိုင်များ၌ ယနေ့နံနက် ၈ နာရီအချိန်က အခြေခံစားသောက်ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကြီးကြပ်ဆောင်ရွက်ရာတွင် မိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလွင်မိုး၊ မြို့နယ်ရဲမှူးမြင့်အောင်၊ မြို့နယ်စည်ပင်သာယာရေးမှအမှုဆောင်အရာရှိ ဦးဌေးဒမ်း၊ မြို့နယ်သစ်တောနှင့်မြို့နယ်ပြန်/ဆက်တို့ပူးပေါင်း၍ မြို့ပေါ်ရှိဈေးဆိုင်များသို့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်၍ အခြေခံစားသုံးသူများဝယ်ယူစားသုံးနိုင်ရေးအတွက်ရည်ရွယ်၍ အခြေခံစားသောက်ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကြီးကြပ်ဆောင်ရွက်ခြင်း၊ ရောင်းချသောစျေးသည်များအနေဖြင့် သင့်လျော်သောဈေးနှုန်းဖြင့်သာရောင်းချပေးစေလိုကြောင်း၊ အမြတ်တင်၍မရောင်းချပဲ နှစ်ဦးနှစ်ဖက်မျှတသည့်အမြင်ဖြင့် ရောင်းချပေးသွားရန်ကြီးကြပ်မှာကြားခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)