ပင်လုံမြို့ရုံး၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲဆောင်ရွက်

ပင်လုံ ဇွန် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လုံမြို့ရုံး မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် “မူးယစ်ဆေးဝါးအန္တရာယ်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသား/ကျောင်းသူလေးများအား ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်း ကြောင့် အသိပညာဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးဖြင့်လည်းကောင်း ဟောပြော၍ ပုံပြင်ပြောခြင်း၊ ကျောင်းသား/ကျောင်းသူလူငယ်များအား စိတ်ကူးစိတ်သန်းကောင်းများနှင့် ကာယ၊ ဉာဏများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အပြန်အလှန်မေးခွန်းများ မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက်မူးယစ်အန္တရာယ် စုပေါင်းကာကွယ် “နံရံကပ်စာစောင်များနှင့် စာအုပ်များ ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့​​ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)