ကျိုက္ခမီမြို့ ဆု​တောင်းပြည့်​ ရေလယ်ဆံ​တော်ရှင်​မြတ်ဘုရား  ဗုဒ္ဓပူဇနိယပွဲ​တော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင် မြတ်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲ​တော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ​နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကျိုက္ခမီမြို့ ​ဆုတောင်းပြည့် ရေလယ်ဆံ​တော်ရှင်​မြတ် ဘုရားကြီး၏ ကုန်း​တော်​ပေါ်ရှိ သာသနာ့ဗိမာန်​တော်ကြီး၌​ကျင်းပ ပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့အခမ်းအနားသို့တက်ရောက်

အောက်တိုဘာ ၁ ရက်နေ့ယနေ့တွင်ကျရောက်သည့် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဘုတ်ပြင်းမြို့၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးသူများနေ့အထိမ်းအမှတ် သက်ကြီးဘိုးဘွားများအားတိုင်းဒေသကြီးအစိုးအရအဖွဲ့ ထောက်ပံ့ငွေများပေးအပ်

 ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးသူများနေ့အထိမ်းအမှတ်အဖြစ်  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သည့် ထောက်ပံ့ငွေများကို ယနေ့နံနက်က ပူးပေါင်းအဖွဲ့များက ဘိုးဘွားများနေ့အိမ်များသို့ သွားရောက်ပေးအပ်လျက်ရှိကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ပခုက္ကူမြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၁ရက်နေ့တွင် ကျရောက်သည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်၉နာရီက ကျင်းပသည်။

တောင်ငူမြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ရဲတပ်ဖွဲ့၏ လုပ်ငန်းတာဝန်များတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုခြင်း အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က တောင်ငူမြို့မရဲစခန်းဝင်း၊ တောင်ငူခရိုင်ရဲရိပ်သာ၌ ကျင်းပသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို ပခုက္ကူမြို့နယ်တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနေမှုအား ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုသည် ပခုက္ကူမြို့နယ်တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနေမှုအခြေအနေအား ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ကံမမြို့နယ်၌ ကိုယ်တိုင် စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်ရောင်းဝယ်သူများမှ တန်ဖိုးသင့်တိုက်ရိုက် အရောင်းဆိုင် ဖွင့်လှစ်ရောင်းချ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ကိုယ်တိုင် စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်ရောင်းဝယ်သူများမှ တန်ဖိုးသင့် တိုက်ရိုက်အရောင်းဆိုင်ကို ယနေ့နံနက် (၆) နာရီခွဲက  အမှတ်(၂)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရှံးရှေ့ မြေကွက်လပ်၌ ဈေးနှုန်းများဖြင့် ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်း သိရသည်။

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနား ကံမမြို့နယ်၌ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၉) နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်မိသားစုများနှင့် အငြိမ်းစား တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားသို့ တက်ရောက်

၂၀၂၃ ခုနှစ်၊ သက်ကြီးသူများဘဝသာယာဖို့ သက်ရွယ်စုံညီပါဝင်လို့ ဝိုင်းဝန်းဖြည့်ဆည်းကြပါစို့ ဟူသော ဆောင်ပုဒ်နှင့်အညီအပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားကိုယနေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်၌ ကျင်းပကြောင်း သိရသည်။
Subscribe to