ဘိုကလေးမြို့နယ်တွင် ကုန်အညွှန်းအမှတ်တံဆိပ် ရိုက်နှိပ်ထားခြင်းမရှိသော တရားမဝင်ကုန်စည်များ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ကုန်စုံဆိုင်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်တံဆိပ်ရိုက်နှိပ်ဖော်ပြထားခြင်းမရှိသော ကုန်စည်များ၊ သက်ဆိုင်ရာမှ တားမြစ်ထားသော ကုန်စည်များ၊ တရားမဝင်ကုန်စည်များအား ရောင်းဝယ်ဖောက်ကားသိုလှောင်ထားခြင်း ရှိ/မရှိကို ယနေ့နံနက်(၁၀)နာရီအချိန်၌ အဖွဲ့စုံဖြင့် လှည့်လည် ပူးပေါင်းစစ်ဆေးခဲ့ကြသည်။