မိုးနဲ ဇွန် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများသည် ကျောင်းအခြေပြု အသက် (၅) ပြည့်ပြီး (၇) နှစ်မကျော်သောKG ကျောင်းသား/သူ များအား ဆုံဆို့နာရောဂါနှင့် မေးခိုင်ရောဂါ (DT) ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက စုရပ်ကျောင်းများဖြစ်သော မူလွန်(ဆိုင်းဖယ်)နှင့် အ.လ.က(ခွဲ)နမ့်စလိုင်ကျောင်းများသို့ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဆုံဆို့နာရောဂါနှင့်မေးခိုင်ရောဂါ (DT) ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက် (၅) နှစ်ပြည့်ပြီး (၇) နှစ်မကျော်သော KG ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ဆုံဆို့နာရောဂါနှင့် မေးခိုင်ရောဂါဖြစ်ပွားခြင်းကို ကာလရှည်ကြာကာကွယ်ပေးနိုင်ရန်၊ ကျောင်းအခြေပြု ထိုးနှံခြင်းအားဖြင့် ဆုံဆို့နာရောဂါနှင့် မေးခိုင်ရောဂါ (DT) ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားစွာရရှိနိုင်ရန်ရည်ရွယ်၍ ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောင်းအခြေပြု ဆုံဆို့နာရောဂါနှင့် မေးခိုင်ရောဂါ (DT) ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့မှစတင်၍ မြို့နယ်အတွင်း အခြေခံ ပညာကျောင်းများရှိ အသက် (၅) နှစ်ပြည့်ပြီး (၇) နှစ်မကျော်သော KG ကျောင်းသား/သူများအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)