ဝေါမြို့နယ်၌ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် စိုင်တီစု ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်တွင် အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန၌ အခွန်ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဝမ်းတွင်းမြို့နယ် သင်္ဃန်းဆွဲကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် ပန်းခင်းစီမံချက် (၃) ဖြင့်  အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က သင်္ဃန်းဆွဲကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ဝမ်းတွင်းမြို့နယ် ဆင်ချီတိုင်ကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က ဆင်ချီတိုင်ကျေးရွာအုပ်စုရှိ အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မုဒုံမြို့ ရွှေကျောင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူများအား ဆုပေးအပ်ဂုဏ်ပြုပွဲကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဝက်တဲကျေးရွာရှိ ရွှေကျောင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဆုပေးအပ်ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

မိုင်းဆတ်မြို့၌ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး စာကြည့်တိုက် Activities များ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ယနေ့နံနက်ပိုင်းက နောင်ဘိုကျေးရွာရှိ ရောင်ခြည်သစ်စာကြည့်တိုက်သို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကာ စာကြည့်တိုက် Activities များဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်သုံးဘီးမော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေး

ပဲခူးတိုင်းဒေသကြီး၊‌ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် နယ်လှည့်သုံးဘီးဖြင့် ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးကြောင်း သိရသည်။

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာရေးဆရာကျော်ကျော်လှိုင်ရေးသားထားသည့် “လူတွေရဲ့ ချစ်ခင်မှုရအောင်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပသည်။

ပင်လောင်းမြို့၌ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” ဆောင်ပုဒ်နှင့်အညီ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀) နာရီ အချိန်က မြို့မဈေးရှေ့ မင်းလမ်းပေါ်နှင့် ဈေးအတွင်းသို့ ဈေးရောင်းဈေးဝယ်သူများအား ဖြန့်ဝေပေးသည်။

ပျော်ဘွယ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပျော်ဘွယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက အခြေခံပညာအလယ်တန်းကျောင်း(တောတွင်လှ)တွင် ကျင်းပပြုလုပ်သည်။
Subscribe to