ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။

သာကေတမြို့နယ်ရှိ ပြည်သူများယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအသိပညာပေး ဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ၄/တောင်ရပ်ကွက် သာသနဝေပုလ္လဓမ္မာရုံတွင် ယမန်နေ့ နေ့လယ်(၁:၀၀)အချိန်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် အမှတ်(၃၇)ယာဥ်ထိန်းရဲတပ်ဖွဲ့စု ဒုရဲမှူးအောင်ဇော်ထွန်းဦးဆောင်ကာ ရပ်ကွက်အတွင်းရှိ သာကေတမြို့နယ်အတွင်း ခရီးသွားပြည်သူများနှင့်မြို့နယ်ပြည်သူ့လုံခြုံရေးတာဝန်ဆောင်ရွက်ကြသူပြည်သူများအား

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ထန်းတပင်မြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းကာ တောင်သူအသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ တောင်သူများစိုက်ပျိုးထားသည့် ထိုင်းနှံကောက်မျိုးစပါးစိုက်ခင်းအား စပါးအထွက်နှုန်းများသိရှိစေရန်အတွက် စပါးချွေလှေ့စက်ဖြင့် မိုးပါးစံကွက်ရိတ်သိမ်း ခြင်းနှင့်တောင်သူအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မရွှေဥကျေးရွာအုပ်စု၊ မရွှေဥကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

စည်ပင်သာယာမြို့မစျေး(အတွင်း/အပြင်)ရှိ စားအုန်းဆီဆိုင်ရောင်းချသည့်ဆိုင်များ၊ မြန်မာနိုင်ငံဆီကုန်သည်ကြီးများအသင်းမှ ရောင်းချခွင့်ပေးထားသည့် စားအုန်းဆီဆိုင်များအားတာဝန်ရှိသူများကြည့်ရှုစစ်ဆေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် စည်ပင်သာယာမြို့မစျေး(အတွင်း/အပြင်)ရှိ စားအုန်းဆီဆိုင်ရောင်းချသည့်ဆိုင်များ၊ မြန်မာနိုင်ငံဆီကုန်သည်ကြီးများအသင်းမှ ရောင်းချခွင့်ပေးထားသည့် စားအုန်းဆီဆိုင်များအားတာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခြင်းကို အောက်တိုဘာလ ၁ ရက်နေ့ နေလယ် ၁ နာရီက တွံတေးမြို့စည်ပင်သာယာစျေးအတွင်း/အပြင်တို့၌ ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပူတာအိုလွင်ပြင်ပတ်လမ်းတွင် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်သည့် လမ်းပိုင်းအားကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်း သဘာဝအခြေခံခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူပြုမည့် ပူတာအိုလွင်ပြင်ပတ်လမ်းကို နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်သမဝါ ယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနတို့က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေ းနှစ်အတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင် ရွက်သည့် လုပ်ငန်းများကို အောက်တိုဘာ(၂)ရက် နံနက်ပိုင်းက ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန ခရိုင်ဦးစီးမှူး ဦးဝင်းသန့်အောင်နှင့်တာဝန်ရှိသူများကကွင်းဆင်းစစ်ဆေးသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောက်တိုဘာလ(၁)ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၃ ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ဓနုဖြူမြို့နယ်၌ ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းသိကောင်းစရာ ဟောပြောပွဲကျင်းပ

​​​​​​​ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်း သိကောင်းစရာ ဟောပြောပွဲကို ယနေ့ အောက်တိုဘာလ ၂ရက်နေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

မအူပင်မြို့တွင် စမ်းသပ်သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူ‌နေမှုများအား လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်း ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် စမ်းသပ်သန်းခေါင်စာရင်းစတင်ကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက အိုင်ဝိုင်းကျေးရွာအုပ်စု၊ တာကောက်ကျေးရွာနှင့် မအူပင်တက္ကသိုလ်အတွင်းရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကွင်းဆင်းကောက်ယူလျက်ရှိရာ လူမှုရေးဝန်ကြီးဦးမောင်မောင်သန်းနှင့် ခရိုင်/မြို့နယ်သန်းခေါင်စာရင်း‌ ကော်မတီဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်အယ်လ်နီညိုအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးမြူရေးနှင့် အယ်လ်နီညိုအကြောင်းသိကောင်းစရာအသိပညာပေးဟောပြောပွဲကို ယနေ့ညနေ(၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်သည်။
Subscribe to