တနင်္သာရီ ဇွန် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ခံ ဒေါက်တာ နွေးဟေမာသင်း၏ ကြီးကြပ်မှုဖြင့် မိုးဦးကျရာသီတွင် ခြင်ကြောင့် ဖြစ်ပွား တတ်သည့် သွေးလွန်တုပ်ကွေးရောဂါနှင့် အခြားကူးစက်ရောဂါများ ကူးစက်ခြင်းမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီအချိန်မှစ၍ ဘုရားပုထိုးစေတီများနှင့် ဘုန်းတော်ကြီးကျောင်းများအတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ခြင်ဆေးမှုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆေးမှုတ်ခြင်းဆောင်ရွက်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စာရေးကြီး ဒေါ်ဇင်နီလာစိုး၊ ကြီးကြပ်-၂ ဦးလင်းသစ်ဦးနှင့် စာရင်းထိန်း-၄ ဦးအေးစိုးတို့က ဆေးဖျန်းစက် ဖြင့် ချောင်းငယ်ရပ်ကွက်၊ ချောင်းငယ်ဘုန်း တော်ကြီးကျောင်းဝန်းအတွင်းရှိ သာသနိက အဆောက်အအုံများအတွင်း/အပြင်နေရာများ၊ ချောင်းကြီးရပ်ကွက်၊ ရုံးတောင်တက်လမ်းရှိ မြဝတ်ဆင်စေတီတော်ပုရဝုဏ်အတွင်း/အပြင်နေရာများ၊ ခြင်ဝပ်နေနိုင်သော ခြုံပုတ်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အဆောက်အအုံအပြင်ဘက်ရှိ ရေမြောင်းများ၊ ချုံများအတွင်းသို့ ခြင်များမခိုအောင်းစေရေးအတွက် ခြင်ဆေးမှုတ်ပေးခြင်းလုပ်ငန်းကို ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
နန်းသာရီ~ထိန်ဝင်း(ပြန်ဆက်)