အမရပူရ ဇွန် ၂၀
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ရတနာပုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊အမျိုးသမီး) ကြက်တောင်ရိုက်ပြိုင်ပွဲ
အုပ်စုပွဲစဉ်များကိုဇွန် ၁၉ ရက်မှ ၂၁ ရက်နေ့အထိ အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားခန်းမတွင် ယဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။
ကြက်တောက်ရိုက်ပြိုင်ပွဲတွင် ဘာသာရပ်အသီးသီးတို့မှ တစ်ဦးချင်းပြိုင်ပွဲတွင် အမျိုးသားအသင်း ၁၆ သင်းနှင့် အမျိုးသမီးအသင်း ၁၆ သင်း၊ နှစ်ယောက်တွဲ ပြိုင်ပွဲတွင် အမျိုးသားအသင်း ၁၆ သင်းနှင့် အမျိုးသမီးအသင်း ၁၆ သင်းတို့က ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးသီဟ (အမရ)