ပျော်ဘွယ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပျော်ဘွယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက အခြေခံပညာအလယ်တန်းကျောင်း(တောတွင်လှ)တွင် ကျင်းပပြုလုပ်သည်။

ဒိုက်ဦးမြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာ‌ပေး လက်ကမ်းစာစောင် ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊‌ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးသူငယ်များ အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးခရိုင်၊ ဥဿာမှ ထုတ်‌ဝေသာ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာ‌ပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့‌ နေ့လယ်(၁)နာရီက ကံ့ကော်ရိပ်ကိုပိုင်အထက်တန်းကျောင်း၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်း

ပဲခူတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့တွင် (Community Center)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Center)ခန်းမ၌ ပြည်သူများ အသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် လစဉ်စာဖတ်ဝိုင်းများကို ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့က အင်ကြင်းရဂုံစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၅) ၏ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၅) ၏ အခွန်ဆိုင်ရာပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီခွဲက မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ရှိ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၅)၏ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဖြူးမြို့နယ် ဒိုင်းတရာ အမှတ်(၁) မူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူအရွယ်မှစတင်ကာ စာဖတ်ရမည့်အလေ့အကျင့်များရရှိစေရေး၊ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများရရှိစေရေးအတွက် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် (၉)နာရီခွဲအချိန်က ဒိုင်းတရာကျေးရွာ၊ အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်စျေးနှုန်း တည်ငြိမ်ရောင်းချမှုရှိစေရေး  လိုက်လံစစ်ဆေး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်စျေးနှုန်းများ တည်ငြိမ်​ရောင်းချမှုရှိစေရေးအတွက် လိုက်လံစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ရေတာရှည်မြို့မစျေးအတွင်း ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ ကွင်းဆင်းကာ လိုက်လံစစ်ဆေးမှုများပြုလုပ်သည်။

လှိုင်းဘွဲမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကွမ်တာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၁၀)နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။

တာချီလိတ်မြို့၌ (၉၉)ကြိမ်မြောက် မြန်မာ-ထိုင်း နယ်စပ်ရေးရာကော်မတီအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၉၉)ကြိမ်မြောက် မြန်မာ-ထိုင်း နယ်စပ်ရေးရာကော်မတီအစည်းအဝေးကို နှစ်နိုင်ငံမှတာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက 1G1-11 ဟိုတယ် အစည်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စလင်းမြို့နယ် မကျီးပင်ပု​ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မကျီးပင်ပုကျေးရွာအုပ်စု အခြေခံပညာမူလတန်းလွန်ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ ချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to