ကျောက်ဆည် ဇွန် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ ပူးပေါင်းပြီး ၂၀၂၄ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၈) နာရီခွဲက ခရိုင်လူထုအခြေပြုဗဟိုဌာနတွ င်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၃)၊ အ.ထ.က(၄)၊ မြို့မ၊ ဟံမြင့်မိုရ်၊ ညောင်ရွေ၊ ဒွေးလှ၊ မှိုင်းပန် စသည့် အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ(၂၀)ဦးမှ “မူးယစ်ရန်စွယ် အသွယ်သွယ်အန္တရာယ်ဟူသမျှဖယ်ရှားကြ ” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အထက်တန်းအဆင့်စာစီကုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်စာမူများကို ကျောက်ဆည်မြို့နယ်စာရေး ဆရာများအသင်းအဖွဲ့ဝင်များမှ စနစ်တကျ စိစစ်အကဲဖြတ်အမှတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ကျောက်ဆည်မြို့နယ် ပညာရေးစုံညီပွဲတော်တွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)