ကံမမြို့နယ် စီကျေးရွာအုပ်စုမှ တောင်သူများအား မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ မိုးရာသီစိုက်ပျိုးထုတ်လုပ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၂) အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီက စီကျေးရွာအုပ်စုမှ တောင်သူ (၇၂) ဦးတို့၏ မိုးစပါးစိုက်ဧက (၁၄၅) ဧကအတွက် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို ထုတ်ပေးလျက်ရှိသည်။

မန္တလေးခရိုင်ရုံးတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး Talk Show ကျင်းပ

မန္တလေးခရိုင်ရုံးတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး Talk Show ကျင်းပ မန္တလေး ဇွန် ၁၉ ခရိုင် (ပြန်/ဆက်)

မြောက်ဥက္ကလာပမြို့နယ်တွင် လူငယ်နှင့်မူးယစ်ဆေးခေါင်းစဥ်ဖြင့် Talk Show ဆွေးနွေးပွဲ ဆောင်ရွက်

မြောက်ဥက္ကလာပမြို့နယ်တွင် လူငယ်နှင့်မူးယစ်ဆေးခေါင်းစဥ်ဖြင့် Talk Show ဆွေးနွေးပွဲ ဆောင်ရွက် မြောက်ဥက္ကလာပ ဇွန် ၁၉ မြမြဝင်း (ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်

စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ယခုလ (၁၇) ရက်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများဝင်ရောက်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး

(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

မိုင်းယန်းမြို့ အခြေခံပညာအလယ်တန်းကျောင်း (ဈေးတန်း) ၌ “လူငယ်စကားဝိုင်း” ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော “လူငယ်စကားဝိုင်း”ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ဈေးတန်းရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။

ဟင်္သာတတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ဘာသာရပ်အလိုက်ကြက်တောင်ရိုက်၊ ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ဟင်္သာတတက္ကသိုလ်အားကစားခန်းမတွင် ယနေ့နံနက် ၉ နာရီက ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ဘာသာရပ်အလိုက် ကြက်တောင်ရိုက်၊ ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ကံမမြို့၊ ပြည်သူ့ဆေးရုံ၌ အငြိမ်းစားဝန်ထမ်းများအား မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် အခမဲ့ကုသပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက် (၆၀) နှင့်အထက် အငြိမ်းစားဝန်ထမ်းများအား မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့်ကုသမှုပေးခြင်း အစီအစဉ်အဖြစ် ဆီးချို၊ သွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါ၊ အမြင်အာရုံများ စစ်ဆေးပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ် ပြည်သူ့ဆေးရုံတွင် အခမဲ့စမ်းသပ်စစ်ဆေးကုသပေးခဲ့သည်။
Subscribe to