မင်းလှမြို့နယ် ဂျင်ရဲ‌မြောင်ကျေးရွာတွင် ဌာနဆိုင်ရာများပူး‌ပေါင်း၍ အသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်း‌ဆေးကုဌာနမှ အခမဲ့ဆေးကုသပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးပောာပြောခြင်းနှင့် တိုင်းရင်းဆေးကုဌာနမှ အခမဲ့ဆေးကုသစောင့်ရှောက်‌ပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီက ဂျင်ရဲမြောင် ကျေးရွာဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ကျောက်ဖြူမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်ခရိုင်ထွေ/အုပ်ဝန်ထမ်းများ၊ နည်းပြဆရာ၊ဆရာမများ၊ ခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ တက်ရောက်ကြသည်။

ထန်းတပင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းကို ဖွင့်လှစ်သင်ကြားပေးနေ

မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သန္ဓေတပ်ဖွဲ့ဝင်များနှင့် လက်တွဲကာပူးပေါင်း၍ ဆောင်ရွက်သွားနိုင်ရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းကို အောက်တိုဘာလ (၂)ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနတွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရမ်းဗြဲမြို့၌ Biometric Data  ဇီဝဆိုင်ရာ အချက်အလက်များကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက  အောက်တိုဘာလ(၂)ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရမ္မာဝတီခန်းမတွင် Biometric Data  ဇီဝဆိုင်ရာ အချက် အလက်များ  ကောက်ယူခြင်းလုပ်ငန်းကို  ဆောင်ရွက်လျက်ရှိသည်။

မိုင်းကိုင်မြို့နယ်၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ် ၊ အောက်တိုဘာလ ၁ ရက် နေ့တွင် ကျရောက်သော  (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်လင်ခရိုင် ၊ မိုင်းကိုင်မြို့နယ်၌ ယမန်နေ့  နေ့လည်ပိုင်းက  မြို့မရဲစခန်းအတွင်းရှိ သဗ္ဗသိဒ္ဓိဓမ္မာရုံတွင် အထိမ်းအမှတ်အခမ်းအနားတစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်း ဖွဲ့စည်းထားရှိပြီးသော အရန်မီးသတ် တပ်ဖွဲ့ဝင်များအား အခြေခံမီးသတ်ပညာသဘောကို သိရှိနားလည်တတ်မြောက်စေပြီး မီးလောင်မှုများ ဖြစ်ပေါ်လာပါက ထိရောက်လျင်မြန်စွာ မီးငြိမ်းသတ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား အချိန်နှင့်တပြေးညီ ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉) နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံး သင်တန်းခန်းမတွင် ကျင်းပခဲ့သည်။

စဉ့်ကူးမြို့နယ်တွင် မွေးကင်းစမှ တစ်နှစ်ခွဲအရွယ်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်         

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် မွေးကင်းစမှတစ်နှစ်ခွဲ အရွယ်ကလေးငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ် ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ဆောင်ရွက်ပေးလျက်ရှိသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် CPI စနစ်ကိုအသုံးပြု၍ ၂၀၂၃ ခုနှစ် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ကျီစု(အရှေ့)​ကျေးရွာတွင် ယနေ့နံနက်(၉)နာရီက ဆက်လက်စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့တွင် ဆီထွက်သီးနှံ(နေကြာ)စိုက်ပျိုးမှုစီမံကိန်း ပြည့်မီစွာဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဆောင်းသီးနှံ ဆီထွက်သီးနှံ(နေကြာ)တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့်ဒေသခံတောင်သူများတွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီက တာပသွန်ကျေးရွာ၌ ပြုလုပ်သည်။

သပိတ်ကျင်းမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့်  (ဒုတိယ)အကြိမ် ပြည်သူ့သက်သာစျေးအရောင်းဆိုင်ဖွင့်လှစ်ရောင်းချ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ကဘဲ့ရပ်ကွက်၊ ကမ္ဘာအေးကွက်သစ်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ယနေ့နံနက်(၇)နာရီအချိန်က သပိတ်ကျင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးစီး၍ မြို့နယ်စည်ပင်ဈေးဖြင့် သတ်​မှတ်ပေးထားသည့် ပြည်သူ့သက်သာ စျေးအရောင်းဆိုင် (ဒုတိယ)အကြိမ် ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်း သိရသည်။
Subscribe to