ဟင်္သာတမြို့နယ်၌ ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွား သင်တန်းဖွင့် လက်တွေ့ကွင်းဆင်းကောက်ယူ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူးရုံး၌ ဖွင့်လှစ်ခဲ့သည်။

လောက်ကိုင်မြို့ရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃)ခုတို့တွင် ၂၀၂၃ခုနှစ် စမ်းသပ်သန်းခေါင်စာရင်း စတင်ကောက်ယူ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၌  ၂၀၂၃ခုနှစ် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းက စတင် ကောက်ယူလျက်ရှိကြောင်း သိရသည်။

ဖျာပုံမြို့နယ်အတွင်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် ကွန်ကရစ်တံတားလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ပဆင-ခရိုင်ဘော်-တမံကြီးလမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် ဖျာပုံ-အပြောင်-ကျီးနှစ်ပင်လမ်းပေါ်ရှိ အပြောင်ချောင်းကူး ကွန်ကရစ်တံတား ဆောင်ရွက်နေမှုကို အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းအချိန်က တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးထွေးကိုကို၊ ဖျာပုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ် လင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် ဇီဝဆိုင်ရာအချက်အလက်ကောက်ယူစိစစ်ခြင်းနှင့် Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများ (၇၄၅၉)ဦး ဆောင်ရွက်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးပွားမောင်နှင့် ဝန်ထမ်းများက ဇီဝဆိုင်ရာအချက်အလက် Biometric ကောက်ယူစိစစ်ခြင်းနှင့် Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို ရပ်ကွက်/ကျေးရွာများသို့ နေ့စဉ်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယနေ့ထိ (၇၄၅၉)ဦး ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ပြီးဖြစ်ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ် တောင်ဘိုကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ ဆိုလာရေသန့်စနစ်တပ်ဆင်ခြင်းနှင့် ဂါလံ ၁၀၀၀ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် တောင်ဘိုကျေးရွာအုပ်စု တောင်ဘိုကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ဆိုလာရေသန့် စနစ်တပ်ဆင်ခြင်းနှင့် ဂါလံ ၁၀၀၀ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ဘိုကလေးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃) ဖွင့်လှစ်ပို့ချ

အရန်မီးသတ်တပ်ဖွဲ့ဝင်များ စွမ်းဆောင်ရည် ပြည့်ဝစေရေး၊ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များအား ကူညီကာကွယ်စောင့်ရှောင့်နိုင်ရေးတို့ကို ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေး မြို့နယ် မီးသတ်ဦးစီးဌာနမှ အမှတ်စဉ် (၁/၂၀၂၃) အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအား အောက်တိုဘာ(၂)ရက်နေ့မှ စတင်၍ဖွင့်လှစ်ပို့ချလျက်ရှိသည်။

သက်ကြီးပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ သက်ကြီးပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် Hotel Mandalay ခန်းမတွင် ကျင်းပသည်။

သံတောင်ကြီးမြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်း သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းသင်တန်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်နှင့် စတုတ္ထအကြိမ် အာစရိယပူဇော်ပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်နှင့် စတုတ္ထအကြိမ် အာစရိယပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာပေဖတ်ရှုသည့်အလေ့အထ ကောင်းရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်၊ စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့်အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ ဟိန်း(ဘူမိ) ရေးသားသော “သဘာ၀အစာသဘာ၀ဆေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to