နည်းပညာတက္ကသိုလ်(တောင်ငူ)၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုနေ့လယ်စာ မိတ်ဆုံစားပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ်(တောင်ငူ)၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုနေ့လယ်စာမိတ်ဆုံစားပွဲအခမ်းအနားကို ယနေ့၊ နေ့လယ် (၁၂)နာရီအချိန်က ကျင်းပခဲ့သည်။

မိုးညှင်းမြို့၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး အင်္ဂလိပ်စကားပြောသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး အင်္ဂလိမ်စကားပြော သင်တန်းကို ယနေ့ နံနက် (၁၀)နာရီက ဤဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။

တောင်ကုတ်မြို့၌ အခမ်းအနားမှူးသင်တန်းဖွင့်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင်  ခရိုင်အထွေထွေအုပ်ချုပ်ရေးဌာနမှကြီးမှူး၍ အခမ်းအနားမှူး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သီပေါမြို့၌ မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့၌ ကလေးငယ်များ ရောဂါကင်း၍ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ယနေ့နံနက် ၉ နာရီက စတင်၍ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

ပေါက်တောမြို့နယ် တောင်ပုတ်ကေ ကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေ (နဝမ) အကြိမ် ငွေထုတ် ချေးပေး

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ မြစိမ်းရောင် စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပြန်လည်ထုတ်ချေးခြင်းကို ယနေ့နံနက် ၁၁ နာရီတွင် တောင်ပုတ်ကေ ကျေးရွာရှိ အသင်းသားအသင်းသူများအား (နဝမ) အကြိမ်ပြန်လည် ထုတ်ချေးပေးကြသည်။

မအူပင်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မအူပင်)တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းအား ယနေ့ နံနက်(၁၀) နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပသည်။

အရာတော်မြို့တွင် ပုံမှန်ကာကွယ်ဆေးတိုက် ဆေးထိုးခြင်းလုပ်ငန်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်အတွင်းရှိ (၂) လမှ (၁၀) နှစ် ကလေးများကို ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းလုပ်ငန်းများကို ပြည်သူ့ဆေးရုံတွင် အောက်တိုဘာလလ ၁ ရက်နေ့က ဆောင်ရွက်ပေးလျက်ရှိသည်။

တနင်္သာရီမြို့နယ် မီးသတ်ဦးစီးရုံးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ယနေ့နံနက် ၉ နာရီအချိန်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမင်းအောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမျိုးနိုင်နှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သင်တန်းသားအရန်မီးသတ်တပ်ဖွဲ့ဝင်များ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာ ဦးစီးမှူးများ စုစုပေါင်း (၁၂၅)ဦး တက် ရောက်ကြောင်း သိရသည်။

မိုင်းယောင်းခရိုင် ပညာရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ ပညာရေးမှူးဖလား အသက် ၁၄ နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မိုင်းယောင်းမြို့နယ် အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်လှစ်

 တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင် များ တိုးချဲ့ဖွဲ့စည်းရေးနှင့်အရည်အသွေးပြည့်ဝထက်မြက်စေရန်နှင့် ခေတ်နဲ့အညီတိုးတက် ပြောင်းလဲလာသည့် မီးသတ်ပညာရပ်များကို မီးသတ်တပ်ဖွဲ့ဝင်တိုင်း သိရှိနားလည်တတ်မြောက်စေရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃)ကို ယနေ့နံနက်ပိုင်းက မြိတ်ခရိုင်မီးသတ်စခန်း၌ ဖွင့်လှစ်ခဲ့သည်။
Subscribe to