သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ စားသုံးဆီနှင့် ဆပ်ပြာမှုန့်များထောက်ပံ့ပေးအပ်
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် (၁၀၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ မြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများ၊ အသင်းစုအမှုဆောင်နှင့်အသင်း၏ဝန်ထမ်းများအား စားသုံးဆီနှင့် ဆပ်ပြာမှုန့်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။