သံဖြူဇရပ် ဇွန် ၂၉
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် (၁၀၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ မြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများ၊ အသင်းစုအမှုဆောင်နှင့်အသင်း၏ဝန်ထမ်းများအား စားသုံးဆီနှင့် ဆပ်ပြာမှုန့်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် သံဖြူဇရပ်မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က ထောက်ပံ့ပစ္စည်းများပေးအပ်ရခြင်းနှင့်စပ်လျဥ်း၍ အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးစံသောင်းမှ မြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများ၊ အသင်းအမှုဆောင်နှင့် အသင်းဝန်ထမ်းများအား စားသုံးဆီနှင့် ဆပ်ပြာမှုန့်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)