မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပြည်သူ့စစ်မှုထမ်းအပတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားနှင့် ကျေးရွာစာကြည့်တိုက်အဆောက်အဦ ပန္နက်တော်တင် အခမ်းအနားသို့ တက်ရောက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည့် အနောက်တိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ် အမှတ်(၇)၊ စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေသည့် ပြည်သူ့စစ်မှုထမ်းအပတ်စဉ် (၁/၂၀၂၄)သင်တန်းဆင်းပွဲသို့ ရောက်ရှိကာ သင်တန်းသားများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦးနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းတို့က အားပေးစကားအသီးသီးပြောကြားခဲ့ပြီး သင်တန်းသားများနှင့်အတူ နံနက်စာအား အတူတကွ သုံးဆောင်ခဲ့သည်။

အုတ်တွင်းမြို့နယ်၌ Drum Seeder စနစ်ဖြင့် မိုးစပါးစိုက်ပျိုးမှုအား လက်တွေ့ကွင်းသရုပ်ပြသ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် စိုက်ပျိုးရေး/​မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ဦးဆောင်မှုဖြင့် ပေါက်တောကျေးရွာရှိ တောင်သူဒေါ်ခင်ငြိမ်း၏ ကွင်းအမှတ်(၃၃၉)၊ ဦးပိုင် အမှတ်(၃)၊ လယ်ယာမြေ(၇) ဧကတွင် ယ​​မန်နေ့နံနက်ပိုင်းက Drum Seeder စနစ်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းအား လက်တွေ့ကွင်းသရုပ်ပြသ ဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် စုပေါင်းသွေးလှူဒါန်းပွဲ ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးနှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး စစ်တွေမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ မြန်မာအမျိုးသမီးများနေ့အကြို အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်ကြည့်ရှုအားပေးကြသည်။

မိုးနဲမြို့နယ်၌ မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို နောင်မြိုင်းကျေးရွာအုပ်စုရှိ လွိုင်စယ်ဘုန်းတော်ကြီးကျောင်းဝင်းတွင် ယနေ့နံနက်၇နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်း

ပဲခူတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးရှင်းလင်းခြင်းကို ရပ်ကွက်အလိုက်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီ အချိန်က မြို့နယ်ခန်းမတွင် ဖြူးအရှေ့ရပ်ကွက်ရှိ ပြည်သူများအားရှင်းလင်းအသိပညာပေးခဲ့ကြောင်းသိရသည်။

မြန်မာ-ထိုင်းနယ်စပ်ရှိ မြန်မာရွှေ့ပြောင်း ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများ ထောက်ပံ့

မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်တွင် မြန်မာရွှေ့ပြောင်းအခြေခံပညာကျောင်းပေါင်း ၂၉ ကျောင်းဖွင့်လှစ်ထားရှိပြီး KG တန်းမှ Grade-12 ထိ ကျောင်းသား၊ ကျောင်းသူ ၅၅၃၄ ဦး ပညာသင်ကြားလျက်ရှိရာ ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၄ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ပြည်နယ်အစိုးရအဖွဲ့မှ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ရေတာရှည်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ဆောင်ရွက်မည့် ကျေးရွာ ‌၆ ရွာမှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီထံသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကော့ကရိတ်မြို့အတွင်း ပြန်လည်နေထိုင်သူအိမ်ထောင်စုများအား လူသုံးကုန်ပစ္စည်းများ ထောက်ပံ့

ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူများကြောင့် နေအိမ်မီးလောင်ပျက်စီးသွား၍ ဒေသအတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်သူ အိမ်ထောင်စုများအား ကော့ကရိတ်မြို့၊ မြို့မအားကစားရုံ၌ ယမန်နေ့က လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၄ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲက အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ နည်းပညာတက္ကသိုလ် (မန္တလေး) အတွင်း ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နည်းပညာတက္ကသိုလ် (မန္တလေး) တာဝန်ခံပါမောက္ခချုပ် ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းနှင့် သစ်တောဝန်ထမ်းများ၊ အခြေခံပညာကျောင်းမှ ဆရာဆရာမများ၊ NGO အဖွဲ့များ၊ ဒေသခံပြည်သူများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ပြင်ဦးလွင်မြို့တွင် “ပိုးစာပင်ကိုင်း ဖြတ်ခြင်း”‌ တောင်သူပညာပေးကွင်းသရုပ်ပြပွဲအခမ်းအနား ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ၊ ပိုးသုတေသနနည်းပညာဖွံ့ဖြိုးရေးဗဟိုဌာနမှ “ပိုးစာပင်ကိုင်း ဖြတ်ခြင်း” တောင်သူပညာပေးကွင်းသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ပိုးသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန၊ ရပ်ကွက်ကြီး(၆)၊ နန္ဒာလမ်း၌ကျင်းပပြုလုပ်သည်။
Subscribe to