ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်တွင် သက်သာသောနှုန်းထားဖြင့် ဆန်များကိုစားသုံးသူပြည်သူများလက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံစားသုံးသူများအား ဈေးနှုန်းသက်သာစွာဖြင့် ဆန်ဝယ်ယူရရှိစေရေးအတွက် နေပြည်တော်ကောင်စီ၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဆန်ကုန်သည်နှင့်ဆန်စက်လုပ်ငန်းရှင်များပူးပေါင်း၍ ဇွန် ၂၄ ရက်နေ့မှ ၂၇ အထိ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် အထိုင် ပုံမှန်ဆန်အရောင်းဆိုင်များနှင့် Mobile ဈေးကားများဖြင့် ရပ်ကွက်/ ကျေးရွာများတွင် လှည့်လည်၍ဆန်များကို သက်သာသောဈေးနှုန်းဖြင့် အလှည့်ကျရောင်းချပေးလျက် ရှိသည်။

မှော်ဘီမြို့နယ်၌ ဝါးလက်မှုပစ္စည်းထုတ်လုပ်မှု အသက်မွေးဝမ်းကြောင်းသင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ မူဝါဒလမ်းညွှန်ချက်အရ သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံကြိမ်ဝါးလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ဝါးလက်မှုပစ္စည်းထုတ်လုပ်မှု အသက်မွေးဝမ်းကျောင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ၃နာရီက မှော်ဘီမြို့နယ် RETC သင်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ဝင်များရွေးချယ်ခြင်းပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းလုပ်ငန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း ယသိရသည်။

ဗဟန်းမြို့နယ်တွင် အားကစားနှင့်လူငယ်​ရေးရာ အသိပညာ​ပေး​ဟော​ပြောပွဲကျင်းပ

ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊‌ ရွှေတောင်ကြား(၂)ရပ်ကွက်၊ ဓမ္မစေတီလမ်း၊ အမှတ် (၁) အ​ခြေခံပညာအထက်တန်းကျောင်း၊ မိုးဦးပန်းခန်းမ၌ ယ​မန်နေ့ နေ့လယ် (၂) နာရီအချိန်က အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့​ကြောင်းသိရသည်။

ရပ်စောက်မြို့၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁/၂၀၂၄) ကတိသစ္စာခံယူပွဲနှင့် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ရပ်စောက်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁/၂၀၂၄) ကတိသစ္စာခံယူပွဲနှင့် ကျောင်းဆင်းပွဲစစ်ရေးပြ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီက တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)ရှိ စစ်ရာထူးခန့်ထားရေးခန်းမဆောင်၌ ကျင်းပခဲ့သည်။

ပေါင်းတည်၌ အရန်သားဖွားဆရာမများအား မွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်တွင် အရန်သားဖွားဆရာမများအား မွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း (ဖောင်ကြီး) ၌ ကျင်းပသည်။

ဘားအံမြို့ပေါ်ရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေး

စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ကရင်ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးနှင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ဇွန်လ ၂၇ ရက်နေ့က ဘားအံမြို့နယ်ရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စားသုံးဆီနှင့် ဆန်ဈေးနှုန်းမှန်ကန်တည်ငြိမ် စွာရောင်းချရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားသုံးဆီနှင့်ဆန်ဈေးနှုန်း မှန်ကန်တည်ငြိမ်စွာ ရောင်းချရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဆန်ကုန်သည်၊ ဆီကုန်သည်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

လှည်းကူးပညာရေးဒီဂရီကောလိပ်၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ဂုဏ်ပြုသောအားဖြင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးပညာရေးဒီဂရီကောလိပ် ပညာ့အားမာန်ခန်းမ၌ ကျင်းပသည်။
Subscribe to