ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်များ ထုတ်ချေးပေးပြီးဖြစ်

ဒေးဒရဲ ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား ယနေ့နံနက်ပိုင်းတွင် ကျုံမှော်ကျေးရွာအုပ်စုနှင့် အဖောင်ကြီးကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအား ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ငွေများကို တစ်ဧကလျှင် (၁၅၀၀၀၀)ကျပ်နှုန်းဖြင့် စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးလျက်ရှိရာ ယနေ့အထိ ကျေးရွာ(၃၅)အုပ်စုရှိ တောင်သူ(၉၈၂)ဦး၏ စိုက်ပျိုးဧက(၇၃၀၇)ဧကအတွက် ငွေကျပ်(၁၀၉၆.၀၅)သန်းကို ထုတ်ချေးပေးပြီးဖြစ်ကြောင်းသိရပြီး စိုက်ပျိုးစရိတ်ချေးငွေများကို တစ်နှစ်အတိုးနှုန်း(၅%)နှုန်းဖြင့် (၂၀၂၅)ခုနှစ် ဧပြီလကုန် နောက်ဆုံးထား၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေ​ဂျာ ဦးစန်းလွင်ထံက သိရသည်။

အေဇာလင်း