တပ်ကုန်း ဇွန်၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဆရာစံရပ်ကွက်တွင် နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လူထုလှုပ်ရှားမှုအသွင်ဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းနှင့် ကျန်းမာရေးပညာပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါရပ်ကွက်ရှိ မဟာဇနကဘုန်းတော်ကြီးကျောင်း၊ မဟာ ဇနကဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး၊ မြို့နယ်ပြည်သူကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ အုပ်စိုးလင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ကြည်ပြာအောင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ဒေါ်အေးအေးဆွေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးခင်မောင်ဌေးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက် (၆) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်ကွက်ပြည်သူများ တက်ရောက်ခဲ့သည်။
ဦးစွာ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက မိုးရာသီတွင်ဖြစ်ပွားတတ်သည့် ရောဂါများနှင့်ပတ်သက်၍ အသိပေးရှင်းလင်းပြောကြားပြီး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအုပ်စိုးလင်းက ဆရာစံရပ်ကွက်အတွင်း အဖွဲ့များခွဲ၍ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များနှင့်အဘိတ်ဆေး အသုံးပြုပုံများ ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသူများက သိလိုသည်များ မေးမြန်းခဲ့ကြရာ ဒေါက်တာသန်းစိုးနိုင်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ယင်းနောက် ဆရာစံရပ်ကွက်တွင် ညွှန့်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးနှင့် မြို့နယ်ဆရာဝန် ကြီး ဒေါက်တာအုပ်စိုးလင်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်း (၁၅) ဦး၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ကြည်ပြာအောင်နှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင် ၂၀ ဦး၊ မြို့နယ်ကြက်ခြေနီ ဒုတပ်ရင်းမှူး ဒေါ်အေးအေးဆွေနှင့်အဖွဲ့ဝင် ငါး ဦး၊ လက်ထောက်မီးသတ်ဦးစီးမှူး ခင်မောင်ဌေးနှင့် မီးသတ်တပ်ဖွဲ့ဝင် (၇) ဦး၊ ဆရာစံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းမြတ်မင်းနှင့်အဖွဲ့ဝင် (၈) ဦး၊ စေတနာ့ဝန်ထမ်း (၁၀) ဦး၊ စုစုပေါင်း (၆၅) ဦးတို့က ဆရာစံရပ်ကွက်၊ နယ်မြေ (၁/၃/၄/၅/၆/၈/၉/၁၀/၁၁) အတွင်းရှိ ရေတွင်း၊ ရေကန်၊ ရေအိုးများနှင့်ရေဝပ်နိုင်သည့်နေရာများ၌ အဘိတ်ဆေးခတ်ခြင်းနှင့် ကျန်းမာရေးပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်/ပြန်ဆက်ရုံး/