မုဒုံမြို့၌ ဥပဒေရေးရာဆိုင်ရာအသိပညာပေး ဟောပြောပွဲပြုလုပ်

မုဒုံ ဇွန် ၂၉

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဥပဒေရေးရာဆိုင်ရာများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုရှိန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်ဝင်းသျှန္နီအေးနှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ပန်းပွင့်စံတို့က ဥပဒေအသိပညာပေးတိုးပွားစေရန်၊ အမျိုးသမီးငယ်များနှင့်ပတ်သက်၍ ဥပဒေအကာအကွယ်များအကြောင်း၊ သက်သေခံဥပဒေအကြောင်းစသည့် ဥပဒေဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် သင်တန်းနည်းပြဆရာမများ၊ သင်တန်းသူများက ဥပဒေအကြောင်းအရာများနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူ များက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)