ငါန်းဇွန်မြို့စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အလှကုန်ပစ္စည်းဆိုင်များတွင် သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေးဆွေးနွေး

ငါန်းဇွန် ဇွန် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၌ ပြည်သူများသုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး မြို့စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အလှကုန်ပစ္စည်းဆိုင်များအား ဇွန်လ ၂၇ရက်နေ့ နံနက် ၈ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အစားအသောက်၊ ဆေးဝါးနှင့်အလှကုန်ပစ္စည်းများကြီးကြပ်ကွပ်ကဲရေးကော်မတီမှ တာဝန်ရှိသူများက မြို့စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အလှကုန်ဆိုင်နှင့် စည်ပင်သာယာဈေးအတွင်းရှိ အလှကုန်ဆိုင်များ၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် နေပြည်တော်ဓာတ်ခွဲဌာနတွင် အတည်ပြုစစ်ဆေးရာ တားမြစ်ဓါတုပစ္စည်းများပါဝင်မှုရှိ၍ သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း(၄၂)မျိုးအား ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး ကြီးကြပ်မှုဆောင်ရွက်ပြီး အလှကုန်ပစ္စည်းဆိုင်တာဝန်ရှိသူများအား ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကိုသာ အများပြည်သူတို့သုံးစွဲနိုင်ရန် ရောင်းချခြင်းပြုကြရန် အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သက်နောင်ဦး(ငါန်းဇွန်)