ပေါင်းတည်၌ စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းတိုးမြှင့်ခင်း
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြို့တွင်းလမ်းများအား အဆင့်မြှင့်တင်ခင်းကျင်းရန် လျာထားဆောင်ရွက်လျက်ရှိရာ ယခုရက်သတ္တပတ်အတွင်း၌စျေး (၁) ရပ်ကွက်ရှိ ၁၀ လမ်းအား ကတ္တရာလမ်းမှ ကွန်ကရစ်လမ်းသို့အဆင့်တိုးမြှင့်ခင်းကျင်းလျက်ရှိသည်။