ကန်ကြီးထောင့် ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က မြို့နယ်ဧရာသီရိသုခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲနိုင်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အတွင်းရေးမှူး၊ အဖွဲ့ဝင်(၂)၊ အဖွဲ့ဝင်(၃)နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပိုက်ဆံလျှော်စိုက်ပျိုးမှု၊ မိုးစပါးစိုက်ပျိုးမှုကိစ္စရပ်များ၊ မိုးရာသီအားကစားပွဲများကျင်းပနိုင်ရေး၊ ဆိုကရေးတီးပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ ကျောင်းဖွင့်ချိန်တွင် ကျောင်းသား/သူများ ကျောင်းတက်ရောက်ရာ၌ လုံခြုံမှုရှိစေရေး၊ မိုးရာသီရောက်ရှိလာပြီးဖြစ်၍ ဌာနဆိုင်ရာရုံးများအား အရေးကြီးစာရွက်စာတမ်းများစနစ်တကျထားရှိရေး၊ မြို့နယ်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ လမ်းဘေးဝဲယာသန့်ရှင်းရေးကိစ္စရပ်များ၊ ရုံးတွင်း/ပြင်သန့်ရှင်းရေးကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ကြသည်။
ဆက်လက်ပြီး မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့၏သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မှုများအား ဆွေးနွေးပြောကြားခဲ့ကြပြီး အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)