ရပ်စောက် ဇွန် ၂၉
ရပ်စောက်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁/၂၀၂၄) ကတိသစ္စာခံယူပွဲနှင့် ကျောင်းဆင်းပွဲစစ်ရေးပြ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီက တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)ရှိ စစ်ရာထူးခန့်ထားရေးခန်းမဆောင်၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအင်ဂျင်နီယာချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)မှ ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ် မျိုးဇော်ဝင်းနှင့်တပ်မတော်အရာရှိများ၊ တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူးဦးတင့်လှိုင်၊ ရပ်စောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဒေသခံပြည်သူများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း သင်တန်းသားများက တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)ကျောင်းအုပ်ကြီးအား အလေးပြုကြပြီး အခမ်းအနားတက်ရောက်လာသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကိုအလေးပြု၍ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်မျိုးဇော်ဝင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်း ဆင်းတပ်ခွဲအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ သင်တန်းဆင်းတပ်ခွဲက ကတိသစ္စာခံယူ၍ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)ကျောင်းအုပ်ကြီးက သင်တန်းထူးချွန်ဆုရရှိခဲ့ကြသူများအား တစ်ဦးချင်းဂုဏ်ပြဆုများ ပေးအပ်ချီးမြှင့်ပြီး တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (ဗထူး)ကျောင်းအုပ်ကြီးက သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ပြီးနောက် သင်တန်းဆင်းတပ်ခွဲက တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (ဗထူး)ကျောင်းအုပ်ကြီးအား စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြုခဲ့ကြသည်။
ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူတာဝန်ရှိသူများက စားရိပ်သာခန်းမ၌ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား ကြိုဆိုဂုဏ်ပြုစကားပြောကြားခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းသင်တန်းသားများနှင့်အတူတကွ လက်ဖက်ရည်သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
အလားတူ ရပ်စောက်မြို့၊ တပ်မတော်(ကြည်း) အမှတ်(၁)အရာခံနှင့်အကြပ်ကြီးသင်ကျောင်းရှိ စစ်ရေးပြကွင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁/၂၀၂၄) ဆင်းပွဲပြုလုပ်ခဲ့ရာ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ်နိုင်ဇော်ဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်၊ ဗထူးတပ်နယ်မှအရာရှိများ၊ ရပ်စောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဒေသခံပြည်သူများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် တပ်မတော်(ကြည်း) အမှတ်(၁)အရာခံနှင့်အကြပ်ကြီးသင်ကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးကျော်သူလှိုင်က သင်တန်းဆင်းထူးချွန်ဆုရရှိခဲ့သူများအား တစ်ဦးချင်းဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
ဆုမွန် မြို့နယ်ပြန်/ဆက်