လှည်းကူးပညာရေးဒီဂရီကောလိပ်၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ဂုဏ်ပြုသောအားဖြင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

လှည်းကူး  ဇွန် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးပညာရေးဒီဂရီကောလိပ် ပညာ့အားမာန်ခန်းမ၌ ကျင်းပသည်။

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကျောင်းသား/သူ(၁၄)ဦးတို့က အနာဂတ်ဖော်ဆောင်ဖို့အမျိုးသမီးကဏ္ဍမြှင့်တင်စို့၊ ကျားမတန်းတူညီမျှဖို့ အမျိုးသမီးများကြိုးစားစို့၊ မြန်မာအမျိုးသမီးများရဲ့အလှကျက်သရေ ကမ္ဘာသိအောင်စွမ်းဆောင်မလေ၊ ယဥ်ကျေးမှုအစဥ်အလာထိမ်းသိမ်းရာ မြန်မာအမျိုးသမီးများတာဝန်သာ၊ အမျိုးသမီးဘဝတိုးတက်ဖို့နည်းပညာနဲ့ဆန်းသစ်စို့ စသည့်ခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများရွေးချယ်ခဲ့သည်။ ကျပန်းစကားပြောပြိုင်ပွဲသို့ ဆရာမများနှင့်သင်တန်းသား/သူများ (၅၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)