မှော်ဘီမြို့နယ်၌ ဝါးလက်မှုပစ္စည်းထုတ်လုပ်မှု အသက်မွေးဝမ်းကြောင်းသင်တန်းဆင်းပွဲကျင်းပ

မှော်ဘီ ဇွန် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ မူဝါဒလမ်းညွှန်ချက်အရ သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံကြိမ်ဝါးလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ဝါးလက်မှုပစ္စည်းထုတ်လုပ်မှု အသက်မွေးဝမ်းကျောင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ၃နာရီက မှော်ဘီမြို့နယ် AFoCo RETC သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ဦးစွာ သင်တန်းကျောင်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးဝင်းက သင်တန်းဆင်းပွဲအမှာစကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တာဝန်ရှိသူများက သင်တန်းသားများမှ ထုတ်လုပ်ထားရှိသော ဝါးကုန်ချောပစ္စည်းများအား ခင်းကျင်းပြသထားရှိမှုကို တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု့စစ်ဆေး၍ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ဇွန်လ(၂၄)ရက်နေ့မှ(၂၈)ရက်နေ့အထိ (၅)ရက်တာ စာတွေ့၊ လက်တွေ့သင်ကြားပို့ချခဲ့ပြီး ပြည်သူအဆင့်သင်တန်းသား (၁၅)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ဝင်းဇော် (မှော်ဘီ)