နေပြည်တော် ဇွန် ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံစားသုံးသူများအား ဈေးနှုန်းသက်သာစွာဖြင့် ဆန်ဝယ်ယူရရှိစေရေးအတွက် နေပြည်တော်ကောင်စီ၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဆန်ကုန်သည်နှင့်ဆန်စက်လုပ်ငန်းရှင်များပူးပေါင်း၍ ဇွန် ၂၄ ရက်နေ့မှ ၂၇ အထိ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် အထိုင် ပုံမှန်ဆန်အရောင်းဆိုင်များနှင့် Mobile ဈေးကားများဖြင့် ရပ်ကွက်/ ကျေးရွာများတွင် လှည့်လည်၍ဆန်များကို သက်သာသောဈေးနှုန်းဖြင့် အလှည့်ကျရောင်းချပေးလျက် ရှိသည်။
အဆိုပါ ဆန်များရောင်းချရာတွင် ဇွန် ၂၄ ရက်နေ့မှ ၂၇ အထိ ဧည့်မထဆန်၊ ရွှေဘိုပေါ်ဆန်း ဆန်များကို သက်သာသောဈေးနှုန်းဖြင့် အထိုင်ပုံမှန် ဆန်အရောင်းဆိုင် ၃၃၃ ဆိုင်မှ ၂၄ ပြည်အိတ် ၄၆၀၄ အိတ်၊ Mobile ဈေးကား၂၀ စီးဖြင့် ၂၄ ပြည်အိတ် ၃၇၀၂ အိတ်၊ စုစုပေါင်း ၈၃၀၆ အိတ်ကို စားသုံးသူ ပြည်သူများလက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေးခဲ့ပြီး မြို့နယ်များအတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ဆက်လက်၍ ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း၊ (ပြန်/ဆက်)