ဗဟန်း ဇွန် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ ဓမ္မစေတီလမ်း၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မိုးဦးပန်းခန်းမ၌ ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်အား/ကာ၊ မြို့နယ်ပညာရေး၊ မြို့နယ်ဥပဒေနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အ.ထ.က(၁)ဗဟန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်းအင်အား (၃၀၀)ဦး ခန့်တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသန္တာက လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ဟောပြောခဲ့၍ အ.ထ.က (၁)ဗဟန်းကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၁) ဗိုလ်မှူးမျိုးခိုင်က အားကစားပစ္စည်းများကို အဆိုပါကျောင်းသို့ ပေးအပ်လှူဒါန်းခဲ့ပြီး အဖွဲ့ဝင်(၂) ဦးစိန်မြင့်က သရုပ်ပြအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်လှူဒါန်း၍ အားကစားနှင့်ကာယပညာဦးစီးဌာနက Fitness Dance အားကစားနည်းဖြင့် သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော်