ပေါင်းတည် ဇွန် ၂၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်တွင် အရန်သားဖွားဆရာမများအား မွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုကို လစဉ်ပုံမှန်ဆောင်ရွက်ပေးခြင်း၊ သားဖွားဆရာမများကို စဉ်ဆက်မပြတ် မွမ်းမံသင်တန်းများပို့ချပေးခြင်း စသည့်ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်ရှိကြောင်း၊ ယမန်နေ့က အရန်သားဖွားဆရာမ ၁၅ဦးကိုလည်း မွမ်းမံသင်တန်းပို့ချပေးနိုင်ခဲ့ကြောင်း သိရသည်။
ထိုမွမ်းမံသင်တန်းတွင် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းသန်းချစ် တက်ရောက်အမှာစကားပြောကြားကာ အရန်သားဖွားဆရာမများအား သင်တန်းပို့ချပေးခဲ့ကြောင်းနှင့် အရန်သားဖွားဆရာမသုံး ဆေးပစ္စည်းပုံးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)