လှည်းကူး ဇွန် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း (ဖောင်ကြီး) ၌ ကျင်းပသည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးခင်ဇော်က အဖွင့်အမှာစကားပြောကြားပြီး လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှုး ဦးစိုးသိန်းက လူငယ်နှင့်အားကစား ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဥ်ဖြင့်လည်းကောင်း ကျောင်းသား/သူအား အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)မှ အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းခြင်း၊ ပြန်/ဆက်ဦးစီးမှူးက ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတ/ရသစာအုပ်များကို ပေးအပ်လှူဒါန်းရာ အ.ထ.က(ဖောင်ကြီး)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီအောင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)