နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ် ဘိုကာရှီမြေဆွေးပုံ လက်တွေ့ ပြုလုပ်ခြင်းနှင့် အခြောက်မျိုးစေ့ချစက်(Dry Seeder)ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲ တက်ရောက်၊ ကံကြီးဇုန် မွေးမြူးရေးလုပ်ငန်းရှင်နှင့် “ပန်းသပြေ” ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက

တပ်ကုန်း ဇွန် ၃၀

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုး၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းတို့သည် တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာအုပ်စု၊ ရေတွင်းဖြူကျေးရွာ၊ နေပြည်တော်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ထွန်းအောင်၏ “ရွှေဟိန်း” ဆန်စက်ယာယီမဏ္ဍပ်ကို ယနေ့နံနက်ပိုင်းက ရောက်ရှိရာ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းလွင်၊ ဥတ္တရခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်း၊ ဥတ္တရခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးစံသူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများက ကြိုဆိုကြသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က မြို့နယ်အတွင်း သီးနှံစိုက်ပျိုးမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီးနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်ထွန်းဦးက  မျိုးကောင်း၊ မျိုးသန့်စိုက်ပျိုးကြရန်၊ သဘာဝမြေသြဇာများ အသုံးပြုရန်၊ ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးရန်နှင့် အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားပြီး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းလွင်၊ စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဦးတို့က မိုးစပါးစိုက်ပျိုးမှု၊  ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာသည့် တောင်သူများက ဆောင်ရွက်နေမှုအခက်အခဲများ တင်ပြခဲ့ကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး၊ EM ဘိုကာရှီ မြေဆွေးပုံလက်တွေ့ပြုလုပ် ကွင်းသရုပ်ပြခြင်းနှင့် “ရွှေဟိန်း” ဆန်စက်ကြိတ်ခွဲလည်ပတ်နေမှုတို့အား ကြည့်ရှုအားပေး၍ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ပေတောကျေးရွာ၊ ကွင်းအမှတ် ၁၃၁၀ ကွင်း၊ တောင်သူဦးကျော်မျိုးသူ၏ လယ်မြေ ၁.၅၀ ဧက၊ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဧရာမင်းမိုးစပါး အခြောက်မျိုးစေ့ချစက်(Dry Seeder)ဖြင့် စိုက်ပျိုးခြင်းကွင်း သရုပ်ပြပွဲတက်ရောက်၍  နေပြည်တော်တိုင်းစက်မှုလယ်ယာဦးစီးမှူး ညွှန်ကြားရေးမှူးဦးနိုင်ဦးက အခြောက်မျိုးစေ့ချစက်(Dry Seeder) နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီးနောက် အစိုမျိုးစေ့ချစက် (Seeder) ပေးအပ်ခဲ့ပြီး၊ မိုးစပါးအခြောက်မျိုးစေ့ချစက်ဖြင့် စိုက်ပျိုးမှုအခြေအနေအား ကြည်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်ထွန်းဦးနှင့်အဖွဲ့သည် ကံကြီးကျေးရွာအုပ်စု၊ ကံကြီးမွေးမြူရေးဇုန်အတွင်း ဦးတွမ်ခင်ဝင်း  “ဖန်ဟွ” မွေးမြူရေးခြံရောက်ရှိ၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက  မိတ်ဆက်စကားပြောကြားပြီးနောက် နေပြည်တော်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစံထွန်းဝေက ကံကြီးမွေးမြူရေးဇုန်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ လုပ်ငန်းရှင်များက လုပ်ငန်းနှင့်ပတ်သက်ရာများအား အသီးသီးတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နို့စားနွားမွေးမြူရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် သပြေချောင်းကျေးရွာအုပ်စု၊“ပန်းသပြေ” ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်သို့ရောက်ရှိ၍ စာကြည့်တိုက်အဆောက်အဦနှင့် စာဖတ်ပရိသတ်များ စာဖတ်နေမှုအခြေအနေအား ကြည့်ရှုအားပေးပြီး၊ စာကြည့်တိုက်မှူး ဦးဇော်ခင်ထံ စာအုပ်များနှင့်ငွေကျပ် တစ်သိန်းအား ထောက်ပံ့ပေးအပ်၍ ပြည်သူများ စာများများဖတ်ရှုအောင် တိုက်တွန်းအားပေးကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်

တပ်ကုန်းမြို့