ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ဒဂုံမြောက်) မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒဂုံမြောက် ဇွန် ၃၀

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ဒဂုံမြောက်) မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၁ နာရီက ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်သတင်းစာဆရာအသင်းအဖွဲ့ဝင်ဦးစံငြိမ်းက မြို့နယ်သတင်းစာဆရာအသင်းအဖွဖဲ့ဝင်များ၏ ရာသက်ပန်အသင်းဝင်များနှင့် သာမန်အသင်းဝင်များဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တွဲဘက်အတွင်းရေးမှူးဦးအောင်မော်က ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားရာတွင် မြို့နယ်အဆင့် နှစ်ပတ်လည်အစည်းအဝေးများ ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမှုဆောင်သတင်းစာဆရာ စာရင်းများပြန်လည်တောင်းခံသွားမည်ဖြစ်ကြောင်း၊ ညီလာခံကိုယ်စားလှယ်များ‌ ရွေးချယ်လျာထားသွားရန်တို့ကိုရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသည့် အဖွဲ့ဝင်များက အကြံပြုဆွေးနွေးကြပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညနေ ၂ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

မြင့်မြင့်ရီ (ပြန်/ဆက်)