နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့၏ နာယက၊ လယ်ဝေးမြို့နယ် ဂုဏ်မင်းအိုင်ကျေးရွာ သဘာဝတရားရိပ်သာတွင် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးနေမှုကြည့်ရှုအားပေး

လယ်ဝေး ဇူလိုင် ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့၏နာယက ဒေါ်သီတာဇင်၊ နေပြည်တော်၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီက လယ်ဝေးမြို့နယ်၊ စိုင်ခေါင်းရိုးအုပ်စု၊ ဂုဏ်မင်းအိုင်ရွာ၊ သဘာဝတရားရိပ်သာတွင် နေထိုင်လျက်ရှိသော နေရပ်ရှောင်ပြည်သူများအားကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့၏ နာယက ဒေါ်သီတာဇင်၊ နေပြည်တော်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်အဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင် နှင့် တာဝန်ရှိသူများက ဂုဏ်မင်းအိုင်ရွာကျောင်းဆရာတော် ဦးပညာသီရိထံ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေသည်။

ထို့နောက် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့၏ နာယက ဒေါ်သီတာဇင်နှင့်အဖွဲသည် ဂုဏ်မင်အိုင်ရွာသဘာဝတရားရိပ်သာသို့ရောက်ရှိနေသော နေရပ်ရှောင်ပြည်သူလူထုမှ အသက် ၁၅ နှစ်အောက် က‌လေးများကိုအထူးကာကွယ်ဆေးထိုး အစီအစဉ်အဖြစ် နေပြည်တော်တိုင်းကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ သန်းနိုင်စိုး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းက ကာကွယ်ဆေးထိုးနှံရာတွင် အသက်၅နှစ်မှ၇နှစ်အထိ ကလေး ၁၉ ဦးနှင့် အသက် ၇ နှစ်မှ ၁၅ နှစ်ထိကလေး ၁၀၄ ဦးပေါင်း ၁၂၃ ဦးကို ကာကွယ်ဆေးထိုးနှံပေးပြီး၊ အသက် ၁၈ နှစ်အထက်ပြည်သူ ၄၉ ဦးအား ကိုဗစ် Pfizer ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။ ဆက်လက်၍ ဆင်ခြေထောက်ရောဂါကင်း‌ဝေးရေး လူအားလုံးဆေးတိုက်ကျွေးရေး အစီအစဉ်အရ ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးတိုက်ကျွေးခဲ့ကြောင်း သိရသည်။

ဝေကြည်( ပြန်/ဆက်)