ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့၊ ၂၀၂၄ ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲအား ကြည့်ရှုအားပေးချီးမြှင့်

မြစ်ကြီးနား ဇူလိုင် ၁

မြန်မာပြည်မြောက်ဖျားပိုင်း၊ ကချင်ပြည်နယ်အတွင်း မေခနှင့်မလိခမြစ်အထက်ပိုင်း၌ မိုးသည်း ထန်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာ ရှိသည့်အနက် ယမန်နေ့ နံနက်ပိုင်းမှ စတင်ပြီး မြင့်တက်လာခဲ့ရာ ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် စိုးရိမ်ရေ မှတ်အောက် (၁၁၄၀) စင်တီမီတာအထိ မြင့်တက်ခဲ့သဖြင့် မြို့မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေများဝင်ရောက်ခဲ့ပြီး ပြည်သူများအား လတ်တလော ရေဘေးရှောင်စခန်း (၉) နေရာဖွင့်လှစ်၍ ကူညီကယ်ဆယ် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ (၂) နာရီက ရေဘေးရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့ပေးသည်။

ထိုသို့ သွားရောက်တွေ့ဆုံ အားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်အတွင်း မြစ်ရေများ လူနေအိမ်များတွင် ဝင်ရောက်နေမှု အခြေအနေများနှင့် ရေဝင်ရောက်လျက်ရှိသည့် နေအိမ်များမှ ပြည်သူများအား ပြည်ခိုင်ဖြိုးရုံး၌ ယာယီရေဘေးရှောင်စခန်းဖွင့်လှစ်၍ နေထိုင်မှုအခြေအနေများကို ရင်းရင်းနှီးနှီးတွေ့ ဆုံအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေဘေးရှောင်အိမ်ထောင်စု (၂၅)စု၊ လူဦး ရေ (၁၀၇)ဦးတို့အတွက် ခေါက်ဆွဲခြောက်ဖာများ၊ ရေသန့်ဘူးများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့သည့် တစ် ပတ်စာ ဆန်ရိက္ခာဖိုးငွေကျပ် (၁၂၁၈၀၀) တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး မိသားစုများ နေ့လည်စာ၊ ညစာထမင်းဘူးများ စီစဉ်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ရမ်ပူရပ်ကွက် နယ်မြေ (၁၁)အတွင်း ကြက်ပေါင်ခြံရပ် ကွက်မြေနိမ့်နေရာများမှ ပြည်သူများအား မီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးဆောင်ရွက် ၍ ရွှေဆုပန်ဘုန်းတော်ကြီးကျောင်း၌ ယာယီရေဘေးရှောင်စခန်း ဖွင့်လှစ်ထားရှိမှု၊ ကြက်ပေါင်ခြံ အနိမ့်ပိုင်း ရပ်ကွက်များအတွင်း ရေဝင်ရောက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရေဘေးရှောင်ပြည်သူများအား ဧရာဝတီမြစ်ရေအနေဖြင့် ယနေ့ ညပိုင်းတွင် ထပ်မံမြင့် တက်လာခြေရှိသည့်အတွက် ရေဘေးလွတ်ရာနေရာများတွင် ခေတ္တခိုလှုံနေထိုင်နိုင်ရေး၊ ကလေးငယ်များ ကျောင်းတက်နိုင်ရေး၊ ကျန်းမာရေးအထူးဂရုပြု နေထိုင်ကြရေး အားပေးမှာကြားပြီး ရေဘေး ရှောင်မိသားစု (၄၅)စု၊ လူဦးရေ (၂၀၀)ကျော်တို့အတွက် ခေါက်ဆွဲခြောက်ဖာများ၊ ရေသန့်ဘူးများ၊ အချိုရည်ဘူးများ၊ တစ်ပတ်စာ ဆန်ရိက္ခာဘိုးငွေအဖြစ် ထောက်ပံ့ငွေကျပ် (၅၂၅၀၀၀) နှင့် ကူညီကယ် ဆယ်ရေးဆောင်ရွက်သည့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

အဆိုပါ ဧရာဝတီမြစ်ရေသည် အထက်ပိုင်းတွင် မိုးဆက်လက် ရွာသွန်းလျက်ရှိသဖြင့် ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ယနေ့ မွန်းလွဲ  (၂) နာရီခွဲ တိုင်းထွာချက်အရ (၁၁၄၀) စင်တီမီတာထိ ရောက်ရှိနေပြီ ရေတက်နှုန်းသည် တစ်နာရီလျှင် (၁၆) စင်တီမီတာထိ မြင့်တက်နေသဖြင့်  မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ် (၁၂၀၀)စင်တီ မီတာသို့ ယနေ့ ညဦးပိုင်းတွင် ရောက်ရှိနိုင်ခြေရှိကြောင်း သိရှိရသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ အောင်ဇေရန်အောင် ဘုရားဝင်းအတွင်း မြို့သစ်ကြီးရပ်ကွက်အတွင်း ရေဝင်ရောက်မှုကြောင့် ရေဘေးရှောင်တိမ်းလာသော မိသားစုများအား ဘုရားဝင်းအတွင်းရှိ ဓမ္မာရုံ၊ ဇရပ်များတွင် နေရာချထားပေးသည့်နေရာသို့ သွားရောက်ပြီး မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ အိမ်ထောင်စုများအတွက် ခေါက် ဆွဲခြောက်ဖာများ၊ ရေသန့်ဘူးများ၊ အချိုရည်ဘူးများနှင့် တစ်ပတ်စာဆန်ရိက္ခာဘိုးငွေများကို ထောက် ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရေဘေးရှောင်ပြည်သူများအား လိုက်လံတွေ့ဆုံနှုတ်ဆက် အားပေးခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့်အတူ ဇွန် (၂၉) ရက် ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ် (အထက်မြန်မာပြည်)တို့ ပူးပေါင်း စီစဉ်၍ (၂)ရက်တာ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် အိုလံပစ်နေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲသို့ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် ပြည်နယ်အတွင်းရှိ လက်ဝှေ့ကလပ်များနှင့် ပြည် နယ်ပြင်ပ လက်ဝှေ့ကလပ် (၇)ခုတို့မှ မျိုးဆက်သစ်ရိုးရာလက်ဝှေ့သမားများ ပါဝင်ခဲ့ခြင်းဖြစ်ပြီး တွဲဆိုင်းပေါင်း (၁၅)ဆိုင်းဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ကစား သမားများအတွက် ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲကျင်းပရေးကော်မတီအတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်းကို ပေးအပ်ရာ တာဝန်ရှိသူများက ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးထံ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)