ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်၊ ရေကြည်မြို့နယ်၊ သစ်စိမ်းမြေဩဇာ မြေမြုပ်ထည့်သွင်းမှုများအား ကြည့်ရှုအားပေး

ပုသိမ် ဇူလိုင် ၁

ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို (၂၉.၆.၂၀၂၄)ရက်နေ့ ညနေပိုင်းက ပုသိမ်တက္ကသိုလ်​ဘောလုံးအားကစားကွင်းကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့် အသင်းနည်းပြ၊ အုပ်ချုပ်သူများ၊ ဘောလုံးဝါသနာရှင် ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့သည်။

 ဗိုလ်လုပွဲတွင် ဥပဒေဘာသာရပ် ဘောလုံးအသင်းနှင့် ရူပဗေဒဘာသာရပ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရူပဗေဒဘာသာရပ် ဘောလုံးအသင်းက ဥပဒေဘာသာရပ် ဘောလုံးအသင်းအား  လေးဂိုးသုံးဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုပြုလုပ်ရာ ဆုရရှိသည့် အသင်းများမှ အားကစားသမားများက နေရာယူကြပြီးနောက် ဂိုးအကောင်းဆုံးဆု၊ နေရာအလိုက်အကောင်းဆုံး  ကစားသမားဆုများ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု ရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပုသိမ်တက္ကသိုလ်ပါမာက္ခ၊ ဌာနမှူးများကလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တတိယဆုရရှိသည့် ဓာတုဗေဒဘာသာရက်အသင်းမှ အားကစားသမားများအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကို ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် Dr.မိုးမိုးအေးက လည်းကောင်း၊ ဒုတိယဆုရရှိသည့် ဥပဒေဘာသာရပ်အသင်းမှ အားကစားသမားများအား တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသားဆုကို ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် Dr.ခိုင်လယ်ဝင်းကလည်းကောင်း၊ ပထမဆုရရှိသည့်‌ ရူပဗေဒဘာသာရပ်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအား ပါမောက္ခချုပ် ဒေါက်တာသန်းထွန်းကလည်းကောင်း ချီးမြှင့်ခဲ့ကြသည်။

ထို့​နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်းဝင်းက ပြိုင်ပွဲဝင်အသင်းများအတွက် ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ခဲ့ပြီး (၂၀၂၃ - ၂၀၂၄) ပညာသင်နှစ် ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသော ရူပဗေဒအသင်းအား ဂုဏ်ပြုဆုဖလားကို ချီးမြှင့်ခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

ဆက်လက်၍ ဧရာဝတီတိုင်း​ဒေသကြီးဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျုံ​ပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာအုပ်စုရှိ တောင်သူဦးလှမြင့်၏ စိုက်ဧက(၅.၄၅)ဧကတွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျော်) မြေမြုပ်ထည့်သွင်းမှုများအား ကြည့်ရှုအားပေးကာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က  သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျော်) ထည့်သွင်းစိုက်ပျိုးခြင်း​ကြောင့် ဓါတ်​မြေသြဇာသုံးစွဲရမှု​လျော့နည်းလာခြင်း၊ သဘာဝ​မြေသြဇာနှင့် ဓါတ်​မြေသြဇာအချိုးကျ ထည့်သွင်းသုံးစွဲခြင်း၊ ​အောင်မြင်ဖြစ်ထွန်းမှု၊ အထွက်နှုန်းများနှင့် သု​တေသနပြုလုပ်ငန်းများအား စနစ်တကျ မှတ်တမ်းထား ​ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ကျော်ဟိန်း(ပြန်/ဆက်)