ရမည်းသင်း ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၉နာရီခွဲက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အကြိုညှိနှိုင်းအစည်းအဝေး ပထမအကြိမ် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက Zoom app ဖြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပဆောင်ရွက်နိုင်ရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက ရမည်းသင်းခရိုင်အတွင်း ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းစီမံချက်ကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ရမည်းသင်းခရိုင် ပညာရေမှူး ဒေါ်ခင်မာမာအေးက ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရန် ခြေခံပညာကျောင်းများအားလုံးနှင့် ကိုယ်ပိုင်ကျောင်းများ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးသည်။
ထို့နောက် ရမည်းသင်းမြို့နယ်ပညာရေးမှူး ဦးမျိုးတင့်နှင့် တာဝန်ခံ ပျော်ဘွယ်မြို့နယ်ပညာရေးမှူး ဦးအောင်သိန်းထွန်းတို့က အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများဖြင့် စည်းကာသိုက်မြိုက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားရာ ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံဆရာ၊ ဆရာမများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပြိုင်ပွဲများ သိရှိလိုသည်များကို မေးမြန်းရာ ခရိုင်ပြန်/ဆက်ဦးစီးမှူးက ပြိုင်ပွဲအလိုက် အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)