မိုင်းယောင်းမြို့၌ မိုးစပါးစိုက်ခင်းများအတွက် သတိပြုရမည့်အချက်များ ပညာပေးဆွေးနွေး
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် မိုးစပါးစိုက်ခင်းများအတွက် အသိပညာပေးဆွေးနွေးဟောပြောခြင်းများကို စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် ဝန်ထမ်းများက ဒေသခံတောင်သူများအား ကွင်းဆင်းပညာပေး ဆွေးနွေးလျက်ရှိကြောင်း သိရသည်။