ရေတာရှည် ဇူလိုင် ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေဖြင့်ဆောင်ရွက်သော ကွန်ကရစ်လမ်းခင်းခြင်းကို သင်္ဂဟလမ်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလမ်းအား ခွင့်ပြုငွေကျပ် ၃၂ ဒဿမ ၂၀ သန်း အကုန်အကျခံကာ တင်ဒါအောင်ကုမ္ပဏီမှ အရှည် ၆၄၁ ပေ၊ အကျယ် ၁၀ ပေ၊ ထုထည် ၈ လက်မဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ၎င်းလမ်းပြီးစီးလျှင် မြို့နေပြည်သူများ ဝင်ထွက်သွားလာ လွယ်ကူစေမည်သာမက ဒေသခံပြည်သူများအတွက် အထောက်အကူပြုနိုင်သည့် လမ်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)