ကလေး ဇူလိုင် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က သတင်းရေးသားနည်းသင်တန်း(၂/၂၀၂၄) ကို ဆွေးနွေးသင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြများဖြစ်သည့် ကလေးခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်နှင့် ဦးစီးအရာရှိများက သတင်းထောက်များလိုက်နာရမည့် အချက်(၁၀)ချက်၊ ထိရောက်အောင်သတင်းတင်ဆက်ခြင်း၊ သတင်းကောင်းတစ်ပုဒ်တွင်ပါရှိရမည့်အချက်များစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးပို့ချခဲ့ကြသည်။
၎င်းသင်တန်း၌ ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများအား ဇူလိုင်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိဖွင့်လှစ်၍ ဆွေးနွေးပို့ချပေးမည်ဖြစ်ပြီး သင်တန်းဖွင့်လှစ်ခြင်းကြောင့် သတင်းရေးသားရာတွင် အရေးပါသောအချက်အလက်များပါရှိစေရန်နှင့် အချိန်နှင့်တစ်ပြေးညီ ပတ်ဝန်းကျင်တွင်ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို တိကျပေါ်လွင်စွာရေးသားနိုင်စေရန် ရည်ရွယ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)