ကျိုက်လတ် ဇူလိုင် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အမှတ်(၃)ရပ်ကွက်၊ ၅×၆ ဦးပြုံးချိုလမ်းရှိ မြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်(၈)နာရီမှ စတင်၍ နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မောင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေး တိုးတက်ကောင်းမွန်စေရေး၊ ရောဂါများဖြစ်ပွားနေပါက စောစွာ ကုသခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများ မဖြစ်ပေါ်စေရေး၊ ဆောင်ရန်/ရှောင်ရန်များအား သေချာစွာ သိရှိနားလည်ပြီး သက်တမ်းစေ့ နေထိုင်သွားနိုင်စေရေးတို့အတွက် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား လစဉ်လတိုင်း ကျန်းမာရေး စောင့်ရှောက်မှုများ အခမဲ့ ပြုလုပ်ပေးလျက်ရှိသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များအား ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်(ပြန်/ဆက်)