ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးတိုက်ကျွေး

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဆင်ခြေထောက်ရောဂါကင်းဝေးရေး ဆေးတိုက်ကျွေးခြင်းကို ယမန်နေ့ညနေ(၄)နာရီခွဲအချိန်က အမှတ်(၁)ရပ်ကွက် သာဂေါင်ရပ်တွင် စတင်တိုက်ကျွေးကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)တို့ပူးပေါင်း၍ လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု လူငယ်စကားဝိုင်းကျင်းပ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)တို့ပူးပေါင်း၍ လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)ရှိခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့် အသက်(၂)နှစ်အထက် ကလေး၊လူကြီးအားလုံး ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးများတိုက်ကျွေး

မန္တလေးတိုင်းသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသက်(၂)နှစ်အထက်ကလေး၊ လူကြီးအားလုံး ဆင်ခြေထောက်ရောဂါကာကွယ်ဆေးများတိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲက မင်းရပ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိအညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ‌ကျောင်းသား/သူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေပြည်ရတနာခန်းမ၌ ကျင်းပခဲ့သည်။

လားရှိုးမြို့တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ဓါတ်ပုံပြိုင်ပွဲ ၊စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ဉာဏ်စမ်းပြိုင်ပွဲတို့တွင် ဆုရရှိခဲ့ကြသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကိုယနေ့နံနက် ၁၀ နာရီက Community Centre ရှိဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀နာရီ ၃၀ မိနစ်အချိန်က ပြုလုပ်ခဲ့သည်။

ရတနာပုံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရတနာပုံတက္ကသိုလ် ဘာသာ ရပ်ပေါင်းစုံ (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ဘောလုံး အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခ ချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာဦးခင်မြို့၊ ဒေါက်တာခင်မော်မော်စိုး၊ ဒေါက်တာဦးဝင်းနိုင်၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ဦးမြင့်ခိုင်၊ ဒုတိယကျောင်းအုပ်ကြီး ဦးသီဟအောင်၊ အားကစားနှင့်ကာယပညာ ဦးစီးကော်မတီဉက္ကဋ္ဌနှင့် ဘောလုံးပြိုင်ပွဲဆပ်ကော်မတီဉက္ကဋ္ဌ ဒေါက်တာဒေါ်ခင်ဝင်း၊ အားကစားဆပ်ကော်မတီအသီးသီးမှ ဉက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးကြသည်။

ကဝမြို့နယ်တွင် ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)သင်တန်းကို မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ယနေ့နံနက် (၁၀)နာရီက ဖွင့်လှစ်ခဲ့သည်။

အခြေခံပညာအလယ်တန်းကျောင်း(လင်းလဲ)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်၊ နံရံစာ​​စောင်ပြပွဲကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊သဲကုန်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သော လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အ​​ခြေခံပညာအလယ်တန်းကျောင်း(လင်းလဲ) တွင် ကျင်းပပြုလုပ်ခဲ့သည်။

အမရပူရမြို့နယ်၊ မိချောင်းတက်ကျေးရွာ၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ ဟော​ပြောပွဲပြုလုပ်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ဦးစီးမှူးရုံးမှ ယမန်နေ့က မိကျောင်းတက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ ခေါင်းစဥ်ဖြင့် ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to