ကော့ကရိတ် ဇူလိုင် ၂
ကော့ကရိတ်မြို့တွင် အကြမ်းဖက်သောင်းကျန်းသူများကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့သည့် ပြည်သူများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီတွင် ဒေါနခန်းမ၌ ထောက်ပံ့ငွေများနှင့် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ရာတွင် ကော့ကရိတ်မြို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ကြည့်ရှုကာ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက မီးဘေးသင့်အိမ်ထောင်စု ၁ စုလျှင် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၂)သိန်း ကျပ်နှုန်းဖြင့် အိမ်ထောင်စု(၁၂၃)စု၊ တစ်ပတ်စာဆန်ရိက္ခာ လူ ၁ ဦးလျှင် (၂၁၀၀)ကျပ်နှုန်းဖြင့် လူဦးရေ(၆၅၄)ဦးတို့အတွက် စုစုပေါင်းထောက်ပံ့ငွေ နှစ်ရာငါးဆယ်ကိုးသိန်းခုနစ်သောင်းသုံးထောင်လေးရာကျပ်နှင့် ပျက်စီးနေအိမ်တစ်လုံးလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပလတ်စတစ်ပုံးတစ်ပုံးစီအား မီးဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထပ်မံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)