မိုင်းယောင်း ဇူလိုင် ၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် မိုးစပါးစိုက်ခင်းများအတွက် အသိပညာပေးဆွေးနွေးဟောပြောခြင်းများကို စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် ဝန်ထမ်းများက ဒေသခံတောင်သူများအား ကွင်းဆင်းပညာပေး ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းပညာပေးဆွေးနွေးရာတွင် ဒေသခံတောင်သူများအား မိုးစပါးစိုက်ခင်းများတွင် မြေ၏သဘာဝအနေအထား ပြောင်းလဲတတ်မှု၊ စိုက်ပျိုးသင့်သည့် မျိုးစပါးအကြောင်းနှင့် ကျရောက်တတ်သော ပိုးမွှားရောဂါများအကြောင်းကို ပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့သည်။
မိုးစပါးရာသီတွင် တောင်သူများ၏ စိုက်ခင်းများ၌ ပိုးမွှားရောဂါကျရောက်လာပါက တောင်သူများအနေဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)