တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်နှင့်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်နှင့်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယနေ့ နံနက် ၁၀ နာရီမှ စတင်၍ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ထိုးနှံပေးလျက်ရှိသည်။

ပင်းတယမြို့နယ်၊ ကျုံး အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျုံးကျေးရွာအုပ်စု၊ ကျုံးအခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ယနေ့ နံနက် ၉ နာရီက လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဟားခါးတက္ကသိုလ်၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက် ၉ နာရီအချိန်က ဟားခါးတက္ကသိုလ်၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပရာ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီနှင့် ဟားခါးတက္ကသိုလ်ရှိ သင်ကြား၊ စီမံ၊ အင်ဂျင်နီယာဌာနများရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

သံတောင်ကြီးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ဆုံဆို့-မေးခိုင်ကာကွယ်ဆေး (DT) ထိုးနှံ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျမ်းမာရေးဌာနမှဝန်ထမ်းများက အခြေခံပညာ အထက်ကျောင်းတွင် အသက် (၇) နှစ်အောက် KG ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့-မေးခိုင် ကာကွယ်ဆေး (DT) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်နှင့် တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရရှိသူများအား ဆုချီးမြှင့်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်နှင့် တက္ကသိုလ်ဝင်တန်း ဂုဏ်ထူး ရသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ရာပြည့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ

မြန်မာနိုင်ငံတွင် ကလေးများအား ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှုလျော့နည်း ပပျောက်စေရန်နှင့် တားဆီးကာကွယ်ရန်၊ ဥပဒေအရထိရောက်စွာ ကာကွယ်ပေးနိုင်ရန်၊ သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိဖန်တီးပေးနိုင်စေရန်ရည်ရွယ်၍ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အမှတ် (၂၃) မူလတန်းလွန်ကျောင်းနှင့်ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

ဖားကန့်မြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ဥရုချောင်းရေမြင့်တက်လာပြီး အနိမ့်ပိုင်ရပ်ကွက်များနှင့်ကျေးရွာများတွင် ရေများဝင်ရောက်လျက်ရှိ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် အထက်ဘက်မှမိုးများအဆက်မပြတ် မိုးများရွာသွန်းမှု‌ကြောင့် ဥရုချောင်းရေမြင့်တက်လာပြီး အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများတွင် ယမန်နေ့ ညနေပိုင်းမှစတင်၍ ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။
Subscribe to