ပန်း​တောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပန်းတောင်း ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ သစ်တောဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်စေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ ဒေသအပူချိန်လျှော့ချနိုင်စေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် ပန်းတောင်းမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၈) နာရီအချိန်က လက်ရဲတက်ကြိုးဝိုင်း၊ အကွက်အမှတ် (၁၁)တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးထက်အောင်-၁ နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၃၀၀)ဦး တက်ရောက်ခဲ့ပြီး မန်ဂျန်ရှား (၁၀၀)ပင်၊ ကျွန်း (၃၀၀)ပင်၊ ပျဥ်းကတိုး (၁၀၀)ပင်၊ မဟော်ဂနီ (၁၀၀)ပင် စုစုပေါင်း ပျိုးပင် (၆၀၀)ပင်အား သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)